0



List of Anti-Virus Software Compatible with Windows 7



Windows 7 တွင် လုံခြုံရေးဆိုင်ရာ feature အသစ်တွေ
ပါဝင်လာပေမယ့် Antivirus ပရိုဂရမ်များကိုတော့ တွဲဖက် အသုံးပြုဖို့
လိုအပ်ပါတယ်။ အောက်ဖော်ပြပါ Antivirus ပရိုဂရမ် (၁၀)ခုကတော့ Windows 7 နဲ့
တွဲဖက်အသုံးပြု သင့်တဲ့ Antivirus ပရိုဂရမ်များ ဖြစ်ပါတယ်..။




AVG Anti-Virus Free Edition

AVG 9.0 ကို အခမဲ့ဗားရှင်း AVG Anti-virus Free ဖြင့် ရရှိနိုင်သလို
AVG Anti-virus, AVG Internet Security, AVG Internet Security Business
Edition စတဲ့ ပုံမှန်နှစ်စဉ်ကြေး (Subscription Edition) ဖြင့်လည်း
ရရှိနိုင်ပါတယ်။ Free Edition မှာ Anti-virus နဲ့ Anti-Spyware တွေကို
အသုံးပြုနိုင်ပေမယ့် အလိုအလျောက် update ပြုလုပ်ပေးနိုင်မယ့် စနစ်တော့
ပါဝင်လာခြင်း မရှိပါဘူး။ Update ပြုလုပ်လိုတဲ့အခါမှာတော့ manual ဖြင့်
ပြုလုပ်နိုင်ပါတယ်။ Subscription Edition မှာတော့ Free Edition မှာ
ပါဝင်တဲ့ feature များကို အသုံးပြုနိုင်သလို Phishing နဲ့ Anti-rookit
ကာကွယ်မှုစတဲ့ feature တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AVG package
နှင့် ပတ်သက်ပြီး Mysticgeek's review of AVG Free တွင်လည်း
အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။








Avast Anti-Virus Home


လက်ရှိ Avast version ကတော့ 4.8 ဖြစ်ပြီး Version 5.0 ကိုတော့ မကြာခင်
အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အခမဲ့အသုံးပြုနိုင်တဲ့ Home Edition နဲ့
နှစ်စဉ်ကြေး ပေးသွင်းကာ အသုံးပြုနိုင်တဲ့ Professional Edition ဆိုပြီး
ရရှိနိုင်ပါတယ်။ Home Edition မှာ Anti-virus, Anti-Spyware, Anti-rookit,
Automatic update စတာတွေကို အသုံးပြုနိုင်ပြီး Professional Edition
မှာတော့ Free Edition မှာပါဝင်တဲ့ feature အပြင်၊ အခြား feature
မြောက်မြားစွာဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Revies of Atast ခေါင်းစဉ်အောက်တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။





McAFee


McAFee 2010 ကို Virus Scan Plus, Internet Security, Total
Protection စသည့် Home Edition သုံးမျိုးဖြင့် ရရှိနိုင်ပြီး Edition
တစ်ခုစီတွင် Anti-Virus, Anti-Spyware, Anti-Phishing နဲ့ Firewall
Protection စတဲ့ feature တွေ ပါဝင်ပါတယ်။ အသေးစိတ် အကြောင်းအရာကိုတော့ McAFee မှာ ၀င်ရောက် ကြည့်ရှု့နိုင်ပါတယ်။





Norton Anti-Virus 2010


Norton 2010 ကို Internet Security, Anti-virus စသည့် version
နှစ်မျိုးဖြင့် ရရှိနိုင်ပါတယ်။ ၎င်း version နှစ်မျိုးစလုံးတွင် Virus,
Spyware, Trojan horse, Worm, Rookit တို့ ၀င်ရောက်ခြင်းမှ
ကာကွယ်ပေးနိုင်မယ့် အချက်တွေ ပါဝင်ပါတယ်။ Internet Security version မှာ
တော့ Firewall အတွက် နည်းလမ်းနှစ်မျိုး ပါဝင်ပြီး အခြားလုံခြုံရေး feature
များလည်း ပါဝင်လာပါတယ်။ Norton website သို့ သွားရောက်ပြီး အသေးစိတ်ကြည့်ရှု့နိုင်ပါတယ်။








Kaspersky


Kaspersky ရဲ့ Antivirus 2010
နဲ့ Internet Security 2010 တို့ကို download ပြုလုပ် ကာ ရက် ၃၀
စမ်းသပ်သုံးစွဲနိုင်ပါ တယ်။ ၎င်းင်းဗားရှင်းနှစ်ခုစလုံးတွင် virus, spyware,
Trojan, worm, bot စသည်တို့ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အချက်တွေပါ
ဝင်သည့်အပြင် phishing နဲ့ identity theft ကာကွယ်မှုစနစ်တွေ
လည်းပါဝင်လာပါတယ်။ Internet Security ဗားရှင်းမှာတော့ applicaton နဲ့
browser တို့မှ အချက်အလက်များကို ကာကွယ်ပေးနိုင်တဲ့ Safe Run
လိုအဆင့်မြင့် feature တွေ ပါဝင် လာသည့်အပြင် application တွေရဲ့လုံခြုံ
မှုကိုစစ်ဆေးပေးနိုင်တဲ့ Security Analyzer စတဲ့ feature တွေပါ ၀င်လာပါတယ်။


Trend


MicroTrend
Micro က ထုတ်လုပ်တဲ့ Antivirus + Antispyware, Internet Security,
Internet Security Pro တို့ကို အခမဲ့ စမ်းသပ်အသုံးပြုနိုင်ပါတယ်။ Version
တစ်ခုစီမှာ Anti virus နဲ့ Anti sypware ကာကွယ်မှုဖြင့် အသုံးပြုနိုင်ပြီး
Internet Secruity Version တွင် Web ၊ E-mail နဲ့ Parental
ကာကွယ်မှုစနစ်များကို အသုံးပြုနိုင်ပါတယ်။ အသေးစိတ်ကိုတော့ Trend Micro Site တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။


Panda Security


Panda
2010 မှာတော့ Anti-virus Pro, Internet Security, Global Protection စတဲ့
version များဖြင့် ရရှိနိုင်ပြီး antivirus, anti-spyware, anti-phishing,
firewall protection တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Internet
Security version တွင် anti-spam, parental control, backup စသည့် feature
များ ထပ်ပေါင်းပါဝင်ပြီး Global Protection version မှာတော့ backup နဲ့ PC
Tuneup feature များ ပါဝင်လာပါတယ်။ အသေးစိတ်ကိုတော့ Panda Security Site မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်။


PC Tools


Spyware Doctor ပါဝင်တဲ့ Antivirus 2010 ဟာ Virus, Spyware, Trojan, Adware, Worm, Keylogger စသည် များကို ဖယ်ရှားပေးနိုင်ပါတယ်။ PC Tools Site ရဲ့ Site မှာ ၀င်ရောက် လေ့လာ နိုင်ပါတယ်။


Sunbelt Software


Sunbelt
Software ရဲ့ VIPRE (Virus Intrusion Protection Remendation Engine) ဟာ
Windows 7 နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Antivirus + Antispyware ပရိုဂရမ်
တစ်ခုဖြစ်ပါတယ်။ Windows 7 ရဲ့ XP Mode ဖြင့်လည်း အသုံးပြုနိုင်ပြီး
ယင်းအတွက် လိုင်စင်ကြေးထပ်မံပေးသွင်းဖို့ မလိုတော့ပါဘူး။ Sunbelt Software Site မှာ ၀င်ရောက် လေ့လာနိုင်ပါတယ်။


Microsoft Security Essentials


Microsoft
Security Essentials ဟာ အခမဲ့ download ပြုလုပ်ကာ အသုံးပြုနိုင်တဲ့
Antivirus ပရိုဂရမ် ဖြစ်ပါတယ်။ Virus, Spyware အပြင် အခြားအန္တရာယ်ရှိတဲ့
Rookit, Trojan စတဲ့ software တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင်
သံသယဖြစ်ဖွယ်ဖိုင်များနဲ့ ပရိုဂရမ်များ လှုပ်ရှားမှုများကိုလည်း
စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး download ဖိုင်များနဲ့ attach file
များကိုလည်း စစ်ဆေးပေးနိုင်ပါတယ်။ အသေးစိတ်ကိုတော့ Microsoft Security Essentials ရဲ့ site မှာ သွားရောက် download ပြုလုပ် နိုင်ပါတယ်။




အောက်မှာ..








 ပြီးပါပြီ ...

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

 
Top