0
ဒီဆော့ဝဲလေးက လူတိုင်းလိုလိုကိုသိပါတယ်။ Team Viewer လေ .. အခုမှ အိပ်ယာကနိုးတာတော့ မဟုတ်ဘူးဗျ .. တစ်ခါတစ်လေ လိုရင် Gtalk ကနေပဲ ပို့ပို့ပေးနေရတာ စိတ်မရှည်လို့ ကို့ဘာသာတင်ထားလိုက်တာပါ။ တင်မယ့်တူတူ မထူးဘူးဆိုပြီး မသုံးဘူးသေးတဲ့ လူတွေ အတွက် မစို့မပို့လေး ပြောပြပေးလိုက်ပါတယ်။
Free ပဲ .. ပိုကောင်းတာက Portable လေ(Run စရာလိုဘူးလို့ပြောတာ၊ ချစ်လားဆိုတဲ့ အကောင်က အဲလိုမြန်မာလိုပြောမှ နားလည်တယ်ဆိုလို့ပါ)
Team Viewer Portable
http://www.teamviewer.com/ ဒီမှာ
သူက အင်တာနက်သာ ရှိရင် ကမ္ဘာတစ်ခုလုံးက ကွန်ပျူတာကို ကိုင်လို့ရတယ်။ နည်းနည်းလွန်သွားပြီ … ဒီလိုဗျ ဒီ software လေး သုံးပြီး ကွန်ပျူတာ တစ်လုံးကနေ တစ်လုံးကို လှမ်းသုံးလို့ရတယ်။ တစ်ခုခု ပြဿနာတက်လို့ ဘာလုပ်ရမှန်းမသိတော့ရင် တစ်ယောက်ယောက်ကို အကူအညီတောင်းတယ်ပေါ့ဗျာ .. ကိုထင်တာကိုပြော၊ သူလည်း မမြင်ရနဲ့ တော်တော်ကို ရှုပ်ပါတယ်။ အဲတော့ ဒါလေး သုံးပြီး သူ့ကိုသာ
ကျနော်ပေးထားတာလေး ဒေါင်းပြီး တစ်ခုတည်းသော set up ဖိုင်လေးကို D-Click ပေးလိုက်တာနဲ့ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်တယ်။
ဘယ်ဘက်မှာပေါ်နေတာက ကိုယ့် ရဲ့ ID နဲ့ Password ပါ။ ညာဘက်က အကွက်လွတ်က ၀င်ကြည့်ချင်တဲ့လူရဲ့ ID ထည့်ပေးရမှာပါ။ ကို့ ကွန်ပျူတာကို ပေးကြည့်မယ်ဆိုရင်တော့ ID နဲ့ Password ပေးလိုက်ယုံပဲပေါ့။ ကဲ ခင်ဗျား ၀င်ကြည့်ချင်တာ ဆိုရင်တော့ သူ့ရဲ့ ID ကိုတောင်း အပေါ်မှာ ပြထားတဲ့ အတိုင်း ID ထည့်ပြီး Connect to Partner ကိုနှိပ်။ အောက်က box ပေါ်လာပြီး password တောင်းမယ်။ သူ့ password တောင်းပြီး ထည့်လိုက်ရင် သူ့ကွန်ပျူတာကို ခင်ဗျား သုံးပြီး ကူညီလို့ ရပါပြီ။
မစို့မပို့ပဲ ရေးမှာ ဖြစ်လို့ ဒီလောက်နဲ့ပဲ တော်လိုက်ပါပြီ … ကျန်တာတွေ ဆက် ကလိ လိုက်ရင် သိမှာပါ .. ကျေးဇူးတင်ပါ၏
ပြီးပါပြီ ...
Next
Newer Post
Previous
This is the last post.
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
Top