
64 bit ကို သူ့ရဲ့ လုပ်ဆောင် ချက် အပြည့်အ၀ ကောင်းစေချင်တယ် ဆိုရင်တော့ RAM က 4GB ရှိရပါမည်။ ဒါပေမဲ့ 2 GB ဆိုလဲ ရပါတယ်။ ဒါပေမဲ့ 64 bit အတွက် Software က ရှားပါးပါတယ်။ 32 bit အတွက် က Software လည် များပါတယ်။ ဒီနေရာမှာ 32 bit, 64bit တွေက ဘာပြောတာလဲ လို့ မေးစရာ ရှိပါတယ်။ Processor ကို ပြောတာဖြစ်ပါတယ်။ ကျွန်တော် သူတို့ရဲ့ ကြိမ်နုန်းတွေတော့ မတင်ပြပေးတော့ဘူး။ 32 bit နဲ့ 64 bit ကို ဘယ်လို တွက်ချက်တယ်ဆိုတာ Post သီးသန့် တင်ပြပေးပါမည်။ အခုက ကျွန်တော် အဓိက တင်ပြချင်တာက Windows 7 သုံးမယ်ဆိုရင် ဘာတွေ လိုအပ်သလဲ ဆိုတာ ( System လိုအပ်ချက်ကို တင်ပြတာဖြစ်ပါတယ်။ ) ကို Software နဲ့ တိုင်းတာတဲ့နည်းကို တင်ပြပေးပါမည်။ Free လည် ရပါတယ်။ Microsoft ကဘဲ ထုတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် Windows 7 တင်တော့မယ်ဆိုရင် မိမိ System နဲ့ ကိုက်ညီမှု ရှိမရှိကို အရင် စစ်ဆေးပြီးမှ တင်တော့ Error တွေ ကြောင့် စိတ်အနှော်အယှက် မဖြစ်ရတော့ဘူးပေါ့။ မိမိ System နဲ့ ကိုက်ညီမှုမရှိဘဲ တင်ပြီးတော့မှာ Windows 7 သုံးရတာ စက်လေးတယ်လို့ ပြောနေတဲ့ သူငယ်ချင်းများအတွက် မိမိ System မှာဘာတွေ လိုအပ်နေတယ်ဆိုတာ အောက်မှာ တင်ပြတဲ့ Windows 7 Upgrade Advisor Software နဲ့ စစ်ဆေးကြည့်လိုက်ပါအုံး။ ကျေးဇူးတင်ပါတယ်။
ပြီးပါပြီ ...
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။