အင်တာနက်လူမှုကွန်ရက်ဝက်ဘ်ဆိုက်ကြီး Facebook ဟာ ၎င်းတို့ရဲ့ fan page ပုံစံမျိုး Community Pages လို့ခေါ်တဲ့ feature အသစ်တစ်ခုကို စတင်ဖို့ရှိနေကြောင်း ကြေငြာလိုက်ပါတယ်။
အဆိုပါ Community Pages ဟာ ခေါင်းစဉ်တပ်ပေးထားတဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ user တွေအကြား အသိပညာတွေ၊ စိတ်ကူး၊ အမြင်တွေကိုဝေမျှနိုင်ဖို့ ရည်ရွယ်ထားတာပါ။ ဥပမာယင်း pages မှာ “ဟင်းချက်ခြင်း/cooking” လို့ ခေါင်းစဉ်တပ်ထားရင် အဆိုပါအကြောင်းနဲ့ပတ်သက်လို့ wikipedia ကဆောင်းပါးတွေအပါအ၀င် user တွေရဲ့ စိတ်ကူးအမြင်၊ အတွေ့အကြုံတွေကိုပါ ဖော်ပြဖလှယ်နိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ Facebook က “သင်ဟာ ဟင်းချက်ခြင်း၊ သို့မဟုတ် ဘာသာစကားအသစ်တစ်ခုလေ့လာခြင်း စတဲ့ခေါင်းစဉ်အောက်မှာ Facebook ထဲက ကိုယ့်အသိုင်းအ၀ိုင်းနဲ့အတူ အတွေ့အကြုံ၊ အသိပညာတွေ မျှဝေနိုင်တော့မှာပါ။ ကျွန်ုပ်တို့ဟာ ယခုတော့ Wikipedia က သတင်းအ ချက်အလက်တွေကို စတင်အသုံးပြုပြီး လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ဒီခေါင်းစဉ်တွေနဲ့ပတ်သက်လို့ စိတ်ဝင်တစားရေးသားမယ့် sign up လုပ်ပြီးဝေမျှမယ့်အခြား user တွေကိုလည်း ရှာဖွေနေပါတယ်” လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ Facebook ဟာယခု Community Pages ကို စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိနေသေးကြောင်းသိရပြီး၊ အောင်မြင်မှုရဖို့ ဆက်လုပ်စရာတွေရှိနေကြောင်း သိရပါတယ်။ ပြီးပါပြီ ...

Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။