Apple ကုမ္ပဏီရဲ့ touch-screen နည်းပညာသုံး tablet ကွန်ပျူတာ iPad ဟာ ဈေးကွက်ထဲကိုရောက်ရှိတာ လပိုင်းလောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် ဈေးကွက်သုတေသနကုမ္ပဏီ Gartner ရဲ့အဆိုအရ လာမယ့်ငါးနှစ် ၂၀၁၅ ခုနှစ်အရောက်မှာတော့ အဲဒီလို touch-screen
နည်းပညာပစ္စည်းတွေက အသက် ၁၅ နှစ်အောက် ကလေးအများစုဝယ်ယူတဲ့ ကွန်ပျူတာတွေရဲ့ ၅၀ ရာခိုင်နှုန်းအထိ ရှိလာမှာပါလို့ ခန့်မှန်းထားပါတယ်။ စီးပွားရေးလုပ်ငန်းအများစုဟာ Touch Screen ကွန်ပျူတာများကို မွေးစားရယူသုံးစွဲတဲ့နေရာမှာ တိုးတက်လာပေမယ့် ရယူတဲ့နှုန်းက နှေးကွေးနေတယ်လို့ ပြောဆိုထားပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Touch Screen တွေရဲ့ ရောင်းချမှုနှုန်းဟာ ၁၀ ရာခိုင်နှုန်းလောက်အထိ တိုးတက်လာမယ်လို့ ယုံကြည်နေပါတယ်။ Gartner ရဲ့ သုတေသနအရ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာတော့ touch-screen ကွန်ပျူတာ သုံးစွဲသူဦးရေဟာ ရိုးရိုးကွန်ပျူတာ သုံးစွဲသူဦးရေရဲ့ ၂ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရပါတယ်။Gartner ရဲ့သုတေသနအဖွဲ့မှဒုဥက္ကဋ္ဌ လက်စလီဖိုင်းယားရင်းကလည်း “မကြာမီကဖြစ်ပေါ်လာတဲ့ နည်းပညာပိုင်း အဆင့်မြင့်လာမှုတွေနဲ့အတူ touch screen အသုံးပြုမှုတွေဟာ ပညာရေးလောကထဲ ပိုမိုကျယ်ပြန်လာပါလိမ့်မယ်။ ဒါကြောင့် လာမည့် ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်း မျိုးဆက်သစ်လူငယ်တွေအတွက်တော့ touch screen နည်းပညာပစ္စည်းတွေဟာ အထူးအဆန်းမဟုတ်တော့ဘဲ သဘာဝအတိုင်းလို ရင်းနှီးကျွမ်းဝင်နေတော့မှာပါ” လို့ ဆိုခဲ့ပါတယ်။ ပြီးပါပြီ ...

Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။