WordPress OpenSource Platform ကို စပြီးတည်ထောင်တဲ့ Automattic ကနေပြီး VaultPress ဆိုတဲ့ plug in တစ်ခု စပြီး beta အနေနဲ့ ဖြန့်ထားပါပြီ။ VaultPressက Multi-Clouds Back Up service တစ်ခုဖြစ်ပါတယ်။ Self-host WordPress blog တွေကို အလိုလျောက် back up လုပ်ပေးမယ့် plug in ပါ။ ဖရီးထင်လို့ ပျော်ပြီး VaultPressဆိုဒ်မှာ sign up လုပ်လိုက်တော့ တစ်လကို 15$ ပေးရမယ်ဆိုတာ သိပါတယ်ဆိုတဲ့ အကြောင်းပါ ပါနေတာနဲ့ မလုပ်တော့ပဲ ရပ်လိုက်တယ်။ 15$ တော့ မပေးနိုင်ဘူး ကိုယ့်ဖာသာပဲ အလုပ်များချင်များပစေတော့ manual ပဲ လုပ်ပါတော့မယ်။
15$ ကျပ်ဆိုတာ ဝင်ငွေမရှိတဲ့ မြန်မာ blog တွေ အတွက်တော့ များပေမယ့် တစ်လ 6,000$ လောက် အလကားရနေတဲ့ English Lang: Blog မျိုးတွေကတော့ ပေးနိုင်ကြမှာပါ။ Service က scalable Cloud Server Back Up ရနိုင်မယ်။ Security ပါတွဲပါတယ်.. Realtime Monitoring ပါတယ်.. WordPress.comက အင်ဂျင်နီယာတွေ monitoring လုပ်ပေးတယ်လို့ ဆိုတယ်။ လောလောဆယ်တော့ ဆိုဒ်ကနေလှည့်ပြန်လာပြီး ဘလော့ဂ်ဝင်ရေးပါတယ်။ နောက် ကမ္ဘာကျော် blog ဖြစ်ရင် သုံးဖို့ အစီအစဉ်ရှိပါတယ်။ ဆားချက်ခြင်းပို့စ် ပြီးပါပြီ ခင်ဗျာ…
ပြီးပါပြီ ...
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။