ကျွန်တော်တို့ ဘလောက်ဂါတွေမှာက ကိုယ်ပိုင်ဒိုမိန်း မဝယ်နိုင်သေးသ၍ကတော့ ဖရီးဒိုမိန်းလို့ ဆိုလိုက်တာနဲ့ အများမဟုတ် အနည်းတော့ စိတ်ဝင်စားကြတာပဲ။

အရင်တုန်းက CO.CC ကဖရီးဒိုမိန်းပေးနေတယ် ဆိုတော့ ဘာပြောကောင်းမလည်း blogspot.com တွေကိုပြောင်းလိုက်ကြတဲ့ CO.CC တွေ။ အကုန်လိုလိုပြောင်းလိုက်ကြတာများ မိုးဦးကြမှိုပွင့်တွေလို ဟိုနားတစ်ခုဒီနားတစ်ခုပေါ့ ။နောက်တော့ CO.CC ကတစ်နှစ်ပဲ ဖရီးပေးတော့တယ်တဲ့ ။ဟော ဒါနဲ့ ဟိုဘလောက်က တစ်နှစ်ပြည့်ဒီဘလောက်က တစ်နှစ်ပြည့် နဲ့ CO.CC ခေတ်ကုန်ပါလေရော။ ပြောင်းထားမိတဲ့ ဆိုက်တွေတောင် လင့်တွေ ပျက်ကုန်တယ်။
ခုလည်းလာပြန်ပါပြီးဗျာ ဖရီး ဒိုမိန်း။ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့ဗျာ။အလကားရတာပဲ ယူထားသင့်ပါတယ်။
သူရဲ့ အားသာချက်က လင့်ကိုပြောင်းစရာမလိုပဲ လုပ်ရတာလွယ်တာပဲဗျာ။ကိုယ်ပြောင်းချင်တဲ့ လင့်ကို ထည့်ထားယုံပါပဲ။ နောက်တစ်ခုက လိပ်စာဘေးမှာ ခုကျွန်တော်တို့ဆိုက်က လို အလံပုံတို့ ဘာတို့ထည့်ချင်ရင် တစ်ခါတည်း ထည့်ရပါတယ်။အဆင့်
(၈) မှာကြည့်လို့ရပါတယ်။

ခုအလွယ်ဆုံးနည်းနဲ့ လုပ်လို့ ရပါတယ်။ကျွန်တော်ပြထားတဲ့ပုံလေးတွေအတိုင်းလိုက် လုပ်ကြည့်ပါဗျာ။

သွားလုပ်ရမည့်ဆိုက်ကဒီအောက်ကပုံကနေတဆင့် သွားလုပ်လိုက်ပါ။

ကဲပြောနေကြာတယ်ဗျာ ခုပဲ စမ်းလုပ်ကြည့်လိုက်ပါဦး။
ပြီးပါပြီ ...

Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။