GMail, Gtalk အသုံးပြုနေကြတဲ့ User တွေရဲ့ PASSWORD ကို Hacking လုပ်လို့ရမရ ဆိုတဲ့ အကြောင်းအရာတွေက အင်တာနက်ပေါ်မှာ အရမ်းကို Hot ဖြစ်နေပါတယ်။ Google ရဲ့ GMail Server ကိုတော့ Hacking လုပ်ဖို့ဆိုတာ အပြောနဲ့ လက်တွေ့က ပို၍တောင်မလွယ်ကူပါဘူး။ ဒါဆိုရင် Gmail User တွေရဲ့ Password တွေ ဘယ်လိုပေါက်သလဲ၊ ဘယ်လို အခိုးခံရသလဲ ဆိုတာကို တွေးကြည့်ရင်တော့ အဖြေက Gmail သုံးစွဲသူ User တွေရဲ့ နည်းပညာ အားနည်းချက်နှင့် ပေါ့ပေါ့စစ အင်တာနက်ကို အသုံးပြုမှု တွေကို အခွင့်ကောင်းယူပြီးတော့ ခိုးယူမှုတွေကို ကျူးလွန်ကြတာကို တွေ့ရပါတယ်။ သူတို့တွေရဲ့ ကျူးလွန်မှုပုံစံ အမျိုးမျိုးတွေထဲကမှ Gmail Password Recovery Tool ကို အသုံးချပြီး Password ခိုးယူပုံကို လက်တွေ့ကျကျ ရှင်းပြပေးပါ့မယ်။
GMail User တွေအနေဖြင့် GMail Login (သို့မဟုတ်) Gtalk Login ဝင်ရာတွင် User Name နှင့် Password ကို ရိုက်သွင်းရပါတယ်။ ဒါ့အပြင် သူ့မှာ Remember Password ဆိုတဲ့တဲ့ Check Box တစ်ခုလည်း ပါလာပါတယ်။ အဲဒီ Remember Password မှာပါတဲ့ Check Box ကို ON လိုက်မယ်ဆိုရင် မိတ်ဆွေတို့၏ User Name နဲ့ Password ကို မှတ်သားထားပြီး နောင်မှာ ရိုက်စရာမလိုအပ်ဘဲ Auto Login ဝင်နိုင်အောင် ပြုလုပ်ပေးပါတယ်။
ဒါကို ဖောက်ထွင်းခိုးယူလိုသူတွေက အခွင့်ကောင်းယူပြီး Password Recovery Tool တွေနဲ့ မိမိသုံထားခဲ့တဲ့ စက်မှာရှိတဲ့ Password တွေကို ပြန်ဖော်ကြပါတယ်။ နမူနာအနေနဲ့ ကျွန်တော် စမ်းသပ်ထားတဲ့ ပုံကို လေ့လာကြည့်ပါ။
ဒါကြောင့် GMail, Gtalk နှင့်ပတ်သက်ပြီးတော့ အင်တာနက် အသုံးပြုသူ ညီအကိုမောင်နှမများအနေဖြင့် ဗဟုသုတ ရစရာအဖြစ်သော်လည်းကောင်း၊ အင်တာနက်ကို အသုံးပြုတဲ့အခါမှာ ပေါ့ပေါ့စစ မသုံးဘဲ၊ သတိကလေးအမြဲထားပြီး သုံးစွဲတတ်စေချင်တဲ့ ဆန္ဒတွေကြောင့် ဒီပို့စ်ကလေးကို အလျှင်းသင့်သလိုရေးသားလိုက်ပါတယ်။
ဒါကတော့ Gmail Password Recovery Tool ပါ။ မိတ်ဆွေတစ်ယောက်က ပေးလို့ရတာပါ။
(မှတ်ချက် - Register Key ကို ထည့်သွင်းပေးမထားပါ။ ကျွန်တော်က သိစေချင်တာပါ။ ဒါကိုလည်း စာဖတ်သူအနေဖြင့် နားလည်ပေးမည် ထင်ပါသည်။)
Download Link:Gmail Password Recovery Tool
ပြီးပါပြီ ...
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။