Window System များမှာ Offline ရော၊ Online မှာပါ လိုအပ်တဲ့ Security Tool များကို သီးသန့် ရွေးချယ်ပြီး လွယ်ကူစွာ Download လုပ်ပေးနိုင်တဲ့ SSDownloader V1.2 ပါ။ မိမိနှစ်သက်ရာ Software နာမည်များ ကို Tick ပေးပြီး၊ Download Button ကို Click နှိပ်ပေးရုံဖြင့် Latest Updated Version Software များကို ရှာဖွေ Download လုပ်ပေးနိုင်ပါတယ်။ Free Version များဖြစ်သည့် Comodo Internet Security , Panda Cloud Antivirus, Avast Antivirus Free, Avira Anti Vir Personal, AVG Antivirus Free Edition, Microsoft Security Essential စသည်တို့ကို Free Download လွယ်ကူစွာ ရယူပေးနိုင်ပါတယ်။
Download လုပ်ပေးတဲ့ Software များကတော့ Full and Free ရှိသလို Trial Version များလည်းရှိပါတယ်။ ဥပမာ Kaspersky Internet Security Software ဆိုလျှင် Trial Version သာ Download လုပ်ပေးမည်ဖြစ်ပြီး၊ Activation ထပ်မံပြုလုပ်ပေးဖို့လိုပါတယ်။ Internet Security, Antivirus Tool များအပြင် Malware Security Tools, Firewalls Software များနှင့် CCleaner, Tor Browser, Auto Runs, Process Explorer, Winpatrol စတဲ့ Utility Tool များကို ပါ Download လုပ်နိုင်ပါတယ်။ 1.37 MB သာရှိပြီး၊ 2000, XP, Vista , 7 များမှာ အသုံပြုနိုင်ပါတယ်။
ပြီးပါပြီ ...
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။