Simp Lite Software ပါ... MSN အတွက်သာအဓိကထားထုတ်ထားပေမဲ့ Gmail & Gtalk မှာပါ သုံးလို့ရနိုင်တယ်ပါတယ် ဆိုလိုတာက လုံခြုံမှု့ပေးနိုင်ပါတယ် ဒါပေမဲ့ အသုံးပြုသူ နှစ်ဘက်စလုံးမှာတော့ ဒီဆော့ဝဲလ်ရှိထားမှရမှာပါ။ Gmail နဲ့ Gtalkနှစ်ခုလုံးကို TLS encryption ကထောက်ပံ့ပေးထားပါတယ်...Google ကနေ download , upload , send လုပ်တာတွေမှာ တစ်စုံတစ်ယောက်က ကြားကနေဖြတ်နိုင်တဲ့ အခြေအနေရှိနိုင်ပါတယ် အချင်းချင်းစကားပြော ချတ်နေကြတဲ့ချိုန်မှာ ဖြတ်သွားရတဲ့ Hop တွေကအများကြီးပါ လုံခြုံမှု့မရှိနိုင်လောက်တဲ့အခြေအနေထိရှိနိုင်ပါတယ် ဒီအတွက် Simp Lite ကို နှစ်ဘက်လုံးမှာ အသုံးပြုထားခဲ့မယ် ဆိုရင် တစုံတရာတော့ လုံခြုံမှု့ရှိစေနိုင်မှာပါ။ File Size က 4 Mb လောက်ဘဲရှိတာမို့ ဘာဖြစ်ဖြစ်စမ်းသပ်အသုံးပြုကြည့်ကြစေချင်လို့ပါ တစုံတရာတော့ အကျိုးရှိနိုင်မှာပါ Gmail & Gtalk ၂ခုစလုံးကိုထောက်ပံပေးထားတာက TLS Encryption ကထောက်ပံ့ပေးထားတာပါ။ Gtalk ကတော့ TSL ကို ပုံသေထားသုံးထားပါတယ် ( အတိအကျ ဟုတ်မဟုတ် အကုန်တော့မသိပါ ဖတ်ဘူးတာလေးကို တင်ပြခြင်းသာဖြစ်ပါသည် ) အဲ့ဒီတွက် File Send တာတို့ Chat ( Voice Chat အပါအ၀င် ) ကို ကြားကတဆင့်ဖြတ်နားထောင် ခိုးဖတ်နိုင်တဲ့ အခြေအနေတွေရှိနိုင်ပါတယ်။ ဒီ ဆော့ဝဲလ် လေးရှိထားရင် တခြားသူတဦးဦး က လာဆက်သွယ်ရင် သူက လုံခြုံမှု့ရှိတယ်မရှိဘူးဆိုတာ အချက်ပြပေးပါလိမ့်မယ်။ ကျနော် စမ်းသုံးကြည့်ရသလောက်တော့ အဆင်ပြေပါတယ် သိထားသူများ ရှိသလို မသိသူများတွက်သာ ရည်ရွယ်ရင်းတင်ပေးလိုက်တာပါ တခုကောင်းတာက မန်မိုရီစတစ် ထဲထည့်ထားပြီး ဘယ်သွားသွားယူဆောင်သွားပြီး သုံးရင်ပိုအဆင်ပြေနိင်ပါတယ်... စတစ်လေးကို ကောက်တပ်ပြီးသုံးတော့ ကိုယ့်အတွက်လုံခြုံမှု့ရှိစေနိုင်တာပေါ့။
Download Here
မူရင်းဆိုဒ်မှာ သွားရောက်ဖတ်ချင်ရင် ဒီနေရာကို ကလစ်သွားနိုင်ပါတယ်။
အဆင်ပြေနိုင်ကြပါစေ ပြီးပါပြီ ...
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။