iPhone နှင့် ipod ချစ်သူများအတွက် iPhone ပေါ်မှာ VOA, RFA, BBC စတဲ့ ပြည်ပ မြန်မာRadio တွေကို နားဆင် ချင်ကြတဲ့သူတွေ အတွက် Online ကနေတဆင့် နားဆင်နိုင်တဲ့ နည်းလမ်းလေး တစ်ခုပါ။ တိုက်ရိုက် ထုပ်လွှင့် တာကိုတော့ နားဆင်လို့ မရပါဘူး။ ထုပ်လွှင့်ပြီးသား ကိုသာပြန်လည် နားဆင်နိုင်မှာပါ။
လုပ်နည်းကတော့
Step-1
iPhone Home Scream ပေါ်မှ iPod ကိုနိုပ်ပါ။ ပေါ်လာသော Scream ပေါ်မှ More ကိုရွေးပေးပါ။ ပုံမှာ ပြထားတဲ့အတိုင်း Podcasts ကိုနိုပ်ပါ။
Step-2
ပေါ်လာသော Scream ပေါ်မှ ပုံမှာပြထားတဲ့အတိုင်း မြှားပုံလေးကို နိုပ်လိုက်ပါ။ Search ကိုရွေးပါ။
Step-3
Search box မှာ ကိုယ်နားဆင်ချင်တဲ့ Radio (RFA, VOA, BBC....) စတဲ့ နာမည်တွေကို ရိုက်ပြီး Search ကိုနိုပ်လိုက်ပါ။ အောက်မှာ ပြထားတဲ့ ပုံတွေအတိုင်း တွေ့ရမှာပါ။
Step-4
Radio ကိုနားဆင်ရန် အောက်ဖော်ပြပါ ပုံအတိုင်း ကိုယ်နားဆင်လိုသော အပိုင်းကို နိုပ်ပါ။ FREE အပေါ်ကို နိုပ်ဖို့ မလိုပါဘူး။
iPhone နှင့် ipod ချစ်သူများ အားလုံး အဆင်ပြေချောမွေ့ နိုင်ပါစေဗျ....။
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။