0
မိမိရဲ့ ဘလော့ဂ်ကို လာရောက်သူတွေအနေနဲ့ မိမိ အွန်လိုင်းမှာမှာရှိ/မရှိသိစေဖို့အတွက် ဒီ Gtalk Badge လေးကို ထည့်သွင်းထားချင်တယ်ဆိုရင်.. အောက်မှာဖော်ပြထားတဲ့ နည်းအတိုင်း လိုက်လုပ်ကြည့်ကြပါ။

Step-1    ပထမဆုံး ဒီနေရာမှာ မိမိရဲ့ Gtalk Account ဖြင့် Sing in လုပ်ပါ။




Step-2     ပြီးလျှင် အောက်ကပုံမှာ ပြထားတဲ့ HTML code တွေကို Copy လုပ်ပါ။

Step-3   မိမိရဲ့ ဘလော့ဂ်မှာ Sign in လုပ်ပါ။ Layout ===>>Add a Gadget===>>HTML/JavaScript မှာ အပေါ်က ကူးခဲ့တဲ့ HTML code တွေကို Paste လုပ်ပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာကတော့ ဒီ Code ထဲမှာပါတဲ့ Width နဲ့ Height ကို မိမိရဲ့ Sidebar နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပေးရမှာပဲ ဖြစ်ပါတယ်။

 မှတ်ချက်/ဘလော့ဂ်တော်တော်များများမှာတော့ ဒီအကြောင်းကိုရေးသားတင်ပြထားတာတွေ တွေ့ဖူး၊ ဖတ်ဖူး၊ လေ့လာ ဖူးပါတယ်။ သို့ပေမယ့် ယင်းဘလော့ဂ်များအား တိကျစွာညွှန်ပြပေးနိုင်မှုမရှိခြင်း၊ ဘလော့ဂ်အား ညွှန်ပြနိုင်ပါသော်လည်း အဆိုပါဘလော့ဂ်၏ မည်သည့်စာမျက်နှာ၌ ဖော်ပြထားသည်ကို လွယ်ကူစွာ လမ်းညွှန်နိုင်မှုမရှိခြင်းနှင့် မိမိအနေဖြင့်လည်း ဘလော့ဂ်မှတ်စုအနေဖြင့် သိမ်းဆည်းထားလိုခြင်းတို့ကြောင့် ယခုကဲ့သို့ မိမိနားလည်သမျှ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
အားလုံးအဆင်ပြေကြပါစေ။ 

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

 
Top