ဒါကိုတော့် တော်တ်ာများများကတော့ သိပြီးသားဖြစ်ပါလိမ့် မယ်။Windows 7 ကို USB နဲ့ တင်လို့ ရအောင်လုပ်ပုံ / လုပ်နည်းတွေ ကတော့ တော်တော်များများ ရှိပါတယ်။ သို့ သော် ဒီကောင်လေးက တော့ အလွယ်ဆုံး နှင့် အဆင်အပြေဆုံးဖြစ်မယ်ထင်ပါတယ်။ cmd လည်းခေါ်စရာမလိုသလို / ဘာ command မှလည်းရိုက်စရာမလိုပါဘူးခင်ဗျာ။ DVD drive မကောင်းသူများ ၊ Notebook အသေးစား
( Drive မပါသော နုတ်ဘုတ်များ ) နှင့် DVD အခွေမဆောင်ထားချင်သူများ အတွက်
USB Drive ( အနဲဆုံး 4 GB ) တစ်ချောင်းရှိယုံဖြင့် ဝင်းဒိုးတင်လို့ ရပါတယ်ခင်ဗျာ။
အရင်ဆုံး Windows 7 ISO ဖိုင်လိုပါတယ်။ ဝင်းဒိုးခွေကို iso format ဖြင့်ဘမ်းထားသော ဖိုင်ကို ဆိုလိုပါသည်။ မရှိဘူးဆိုရင်လည်း ဝင်းဒိုး 7 အခွေကို Drive ထဲကိုထည့်ပါ အောက်ပါ soft ဖြင့် iso ဘန်းပလိုက်ပါ။တွေ့ ကရာ Software ဖြင့်ဘန်းလို့ မရပါဘူး။ ကျွန်တော်ပေးတဲ့ ကောင်လေး နဲ့  ဘန်းပါ။ အောက်မှ iso ဘမ်းဖို့ Software ကိုယူလိုက်ပါ။
Download LC ISO creator Here !
iso ဖိုင်ရပီဆိုရင် windows usb dvd download tool ကို အောက်ပါလင့်မှ သွားဒေါင်းပါ။
Download windows usb dvd download tool here !
၁။ Browse မှနေပြီး ခုန က ဘမ်းထားတဲ့  iso ဖိုင်ကို ခေါ်ထည့်ပါ။
၂။ USB Drive ဆိုတဲ့  button ကိုနှိပ်ပါ။
၃။ Begin Copy ကိုနှိပ်ပြီး iso ဖိုင်ကို usb ထဲသို့ ကူးထည့်သွားပါလိမ့် မည်။ USB ကို ဘာဖိုင်မှ ထဲ့ထားလို့ မရပါ။ format ချပစ်မှဖြစ်ပါတယ်။
ဒါဆိုရင် အဆင်ပြေသွားပါပြီ။ စက်ကို restart လုပ်လိုက်ပါ။ Bios ထဲသို့ ဝင်ပါ။ Boot Polarity မှာ USB Drive ကို First Boot ဟုပေးလိုက်ပါ။ ပြီးလျှင် Save and Exit ဖြင့်ထွက်ပါ။ ပုံမှန်ဝင်းဒိုးတင်သကဲ့ သို့ တင်သွားရမည်။
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။