ချစ်သူ...
အလွမ်းတွေဖွဲ့
အတွေးယှက်တဲ့
စိတ်ကူးမြစ်မှာ
စာသားတွေဖောင်ဖွဲ့
ကဗျာတွေနဲ့လှော်ခတ်လို့
မျောလွင့်နေခဲ့မိတယ်...
ချစ်သူ...
ညဆိုလည်းလွမ်းတယ်
ခဏဆိုလည်းလွမ်းတယ်
သို့ပေမယ့်...
တမြေစီအဝေးမှာ
အနေတွေမနီးခဲ့လဲ
သစ္စာတွေတိုင်တည်
မေတ္တာတွေမယိုင်ပါ
နားလည်မှုကိုအခြေပြု
ဘ၀တူတူထုဆစ်ဖို့
လွမ်းရက်တွေကိုနင်း
အချစ်တွေထပ်ရင်းကာ
ကျော်ဖြတ်ကြမယ်လေ
တွေ့ဆုံကြမယ့် နေ့တနေ့ဆီသို့....
အလွမ်းတွေဖွဲ့
အတွေးယှက်တဲ့
စိတ်ကူးမြစ်မှာ
စာသားတွေဖောင်ဖွဲ့
ကဗျာတွေနဲ့လှော်ခတ်လို့
မျောလွင့်နေခဲ့မိတယ်...
ချစ်သူ...
ညဆိုလည်းလွမ်းတယ်
ခဏဆိုလည်းလွမ်းတယ်
သို့ပေမယ့်...
တမြေစီအဝေးမှာ
အနေတွေမနီးခဲ့လဲ
သစ္စာတွေတိုင်တည်
မေတ္တာတွေမယိုင်ပါ
နားလည်မှုကိုအခြေပြု
ဘ၀တူတူထုဆစ်ဖို့
လွမ်းရက်တွေကိုနင်း
အချစ်တွေထပ်ရင်းကာ
ကျော်ဖြတ်ကြမယ်လေ
တွေ့ဆုံကြမယ့် နေ့တနေ့ဆီသို့....

Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။