မြန်မာ Unicode တဲ့… Developer တွေကများတော့ ဘယ်သူ့ဟာကိုအတည်တကျ သုံးရမှန်းကို မသိတော့ဘူး…
အထူးသဖြင့် Online နဲ့ Gtalk မှာ… Zawgyi One… ရုံးမှာ Myanmar 3… စသည်ဖြင့်ပေါ့…
Windows OS မှာနှစ်ခုပြိုင်ပြီးသုံးတာဟာအနည်းနဲ့အများတော့ရှုပ်ထွေးပါတယ်…
အခု Ubuntu မှာကတော့တော်တော်လေးကိုအဆင်ပြေပါတယ်…
Debian Package လေးတစ်ခု Install လုပ်ရုံနဲ့ Zawgyi, Myanmar 3 နဲ့ Ayar စတဲ့ Unicode တွေကိုတစ်ပြိုင်တည်း အလွယ်တကူသုံးလို့ရပါတယ်….
အခုကျွန်တော်အဓိကရေးမှာကတော့… Ubuntu 10.04 LTS မှာဘယ်လိုသုံးမလဲဆိုတာကိုပေါ့…
Installation ကတော့တော်တော်လေးကိုလွယ်ကူပါတယ်… Package လေးကို Double Click နှိပ်ရုံပါပဲ…
ဒါပေမဲ့ Configuration နဲ့ Usage ကတော့ မသိတဲ့သူတွေအတွက် ဘာဆက်လုပ်ရမှန်မသိဖြစ်တတ်ပါတယ်…
ဒါကြောင့် အခုကျွန်တော် Configuration နဲ့ Usage ကိုအဓိကထားရေးမှာပါ…
ကျွန်တော်လဲ ဒီ Package လေးစရခါစက သိပ်နားမလည်လို့တော်တော်လေးရှာဖတ်လိုက်ရပါတယ်…
အဲဒီရှာတွေ့ထားတဲ့ Solution လေးပါ…
ကဲ… စကြရအောင်… အခုတင်ပြီးဖြစ်တဲ့ Package လေးဟာ iBus Input System ကိုသုံပါတယ်…
ဒါကြောင့်အဲဒီ System ကိုပြောင်းပေးရပါမယ်… ပုံမှန်အတိုင်းဆိုရင် အဲဒီ System က Auto Start မဖြစ်ပါဘူး…
Startup မှာ Auto တက်အောင် လုပ်ပေးရန်အတွက်… System> Administration> Language Support ကိုဖွင့်လိုက်ပါ…
Language & Text ဆိုတဲ့ Configuration Box လေးပေါ်လာပါလိမ့်မယ်…
အဲဒီ Box လေးရဲ့ Language Tab အောက်မှာ Keyboard Input Method System ဆိုတဲ့ Dropdown List လေးထဲမှာ “ibus” ဆိုတဲ့ Option လေးကိုရွေးလိုက်ပါ…
ခုဆိုရင် System Start လုပ်တိုင်း… အဲဒီ iBus Input Method System ဟာအလုပ်သွားပါပြီ…
ပြီးရင် System> Preferences အောက်မှာ iBus Preferences ကိုဖွင့်လိုက်ပါ…
Input Method Tab အောက်မှာ ကိုယ်သုံးချင်တဲ့ မြန်မာစာစံနစ်တွေကိုရွေးပေးရပါမယ်…
ဒါကြောင့် Select an Input Method ဆိုတဲ့ Dropdown List ကိုနှိပ်လိုက်ပါ… Burmese ကိုရွေးလိုက်ပါ…
ပေါ်လာတဲ့ စံနစ်တွေထဲက ကိုယ်သုံးချင်တဲ့ စနစ်ကိုရွေးပြီး Add လုပ်လိုက်ရုံပါပဲ…
Zawgyi , Myanmar 3, Ayar တစ်ခုခု ဒါမှမဟုတ် သုံးခုလုံးပေါ့…
ကဲ Text Editor မှာရိုက်မယ်ဆိုရင်တော့ iBus Keyboard ကို On ပေးရပါတယ်…
Control+Spacebar ကိုနှိပ်လိုက်ပါ… Screen ညာဘက်အောက်နားမှာ Popup လေးတခုပေါ်လာပါလိမ့်မယ်…
မြန်မာစာစံနစ် တစ်ခုနဲ့တခုပြောင်းချင်ရင်တော့… Alter+Left Shift ကိုနှိပ်လိုက်ရုံပါပဲ…
အင်္ဂလိပ်စာနှင့်မြန်မာစာ တလှည့်စီပြောင်းချင်ရင်လဲ Left Shift Key လေး နှိပ်ရုံနဲ့တင်ပြောင်းနိုင်ပါတယ်…
ဒါပေမဲ့… အသုံးပြုတဲ့ မြန်မာစာစံနစ် ပေါ်မူတည်ပြီး… Font ကိုတော့ ပြောင်းပေးရပါလိမ့်မယ်…
ကဲ… ဒီလောက်ဆိုရင်တော့… လုံလောက်မယ်ထင်ပါတယ်… အားလုံးပဲ အဆင်ပြေကြပါစေ…

Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။