မင်္ဂလာပါခင်ဗျား
ဒီနေ့ကျနော်ပြန်လည်မျှဝေချင်တာကတော့ အားလုံးအတွက်
စပါယ်ရှယ်ဝမ်းဖြစ်နိုင်မယ့် Android နည်းပညာလေးပါ။
နည်းလမ်းလေးက မခက်ပါဘူးခင်ဗျား...။
ကျနော်လည်း ကလစ်ရတာကို ၀ါသနာပါသူဆိုတော့
မျက်လုံးနောက်ရောက်အောင် လိုက်ရှာတတ်ပါတယ်။
ကိုယ်တိုင်စမ်းတယ် အဆင်ပြေပြီဆိုပါမှ ဘော်ဒါတွေအတွက်
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါကြောင်းခင်ဗျား...။
၁။ ဖုန်းကို Root မလုပ်မှ ဖုန်းရဲ့ Setting > Security >
Unknown Sources ကိုအမှန်ခြစ်ပေးပါပြီးရင် OK ကိုနှိပ်လိုက်ပါ။
Samsung ဖုန်းအမျိုးအစားလိုက် အနည်းငယ် ကွဲပြားနေပါလိမ့်မယ်
ပုံမှန်အားဖြင့်တော့ Samsung Device မှန်ရင်တော့
Setting > Developer Option > Unknown Sources > OK ဆိုရင် ရပါပြီ။
Installation Guide
===========
Step 1 ။ ကဲ Root မလုပ်မှီ လိုအပ်တဲ့ Root Apk လေးကို
အောက်ကလင့်တွေမှာ အရင်ဒေါင်းယူလိုက်ပါ။
Step 2 ။ Root Apk ဆိုက်ကိုရောက်တဲ့အခါ အောက်ကပုံလေးကို
တစ်ချက်ထောက်လိုက်ပါ။
Step 3 ။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့
ဒေါင်းလော့ရယူဖို့ရန်ဖြစ်တဲ့အတွက် OK ကိုနှိပ်လိုက်ပါ။
တစ်ချို့ ဖုန်းတွေမှာ အောက်ကပုံအတိုင်း
ပြမှာမဟုတ်ပါ တစ်ခါတည်း ဒေါင်းလော့နေပါလိမ့်မယ်။
တကယ်လို့ Root Apk ကိုဒေါင်းလော့ရတာ
အဆင်မပြေဘူးဆို
Step 4 ။ ဒေါင်းလော့ပြီးရင်တော့ အောက်ကပုံ
အတိုင်း Tr.apk ဆိုပြီးပြနေပါလိမ့်မယ်။
Step 5 ။ install လုပ်ဖို့ရန်အတွက် စောနားက
Tr.apk လေးကို တစ်ချက်ထောက်ပြီး
Install လုပ်ပါ အောက်ကပုံကို ကြည့်ပါ။
Step 6 ။ install လုပ်ပြီးသွားရင်တော့ Open ကိုနှိပ်လိုက်ပါ။
Rooting Guide
==========
Step 1 ။ Root လုပ်ဖို့ရန်အတွက် Make it Rain ဆိုတာကိုနှိပ်လိုက်ပါ။
Step 2 ။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့
Root လုပ်ဖို့ရန်အသင့်အနေအထား ဖြစ်နေပါပြီ
Make it Rain ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။
Step 3 ။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့
Root လုပ်ခြင်းကိစ္စပြီးပါပြီ ဖုန်းက သူ့အလိုလို
Reboot လုပ်ပါလိမ့်မယ် ခနလေးစောင့်နေလိုက်ပါ။
Step 4 ။ Reboot ကျပြီးလို့ ပြန်တက်လာတဲ့အခါ
မိမိဖုန်း Root Access ရှိလား မရှိလား သိချင်ရင်တော့
Root Checker လေးနဲ့ စမ်းသပ်ကြည့်လိုက်ပါ။
Root Checker ကို ဖုန်းမှာ အင်စတောလုပ်ပါ။
Step 5 ။ Root Checker ကို ဖွင့်လိုက်ပါ။
ပြီးရင် Verify Root ဆိုတာကို နှိပ်လိုက်ပါ။
Step 6 ။ Verify Root လေးနှိပ်လိုက်ပြီးရင်တော့
သင့်ရဲ့ကြိုးစားအားထုတ်မှုအားလုံးအတွက်
Congratulations ပေါ့ဗျာ Root Access ရရှိသွားပါပြီ။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့
မျှော်လင့်ပါတယ်။
အားလုံးကို ခင်မင်လေးစားလျှက်
အဆင်ပြေပါစေ
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။
EmoticonClick to see the code!
To insert emoticon you must added at least one space before the code.