ဖေ့စ်ဘွတ်ခ်နှင့် မိုက်ကရိုဆော့ဖ်တို့သည် မိမိတို့၏ သုံးစွဲသူ အသီးသီးတို့ အနေဖြင့် Office 2010 ၏ အွန်လိုင်းဗားရှင်း ဖြစ်သော Docs.com ကို သုံးစွဲပြီး documents များ ဖန်တီးပေးပို့ရာတွင် အတူသုံးစွဲနိုင်မည့် အွန်လိုင်းကွန်ယက် အတွက် ပူးပေါင်းဆောင် ရွက်ကြရန် သဘောတူလိုက်ကြပြီ ဖြစ်သည်။ ဖေ့စ်ဘွတ်၏ အကြီးအကဲ မတ်ခ်ဇူကာဘတ်ဂ်က ဆန်ဖရန် စစ္စကိုမြို့၊
အက်ဖ်အိတ် ဒဗလုတ်ပါကွန်ဖရင့်တွင် ဖေ့စ်ဘွတ်ခ်အတွက် ဒေါ့စ်ကို အသုံးပြုမည် ဖြစ်ကြောင်း ကြေငြာခဲ့ သော်လည်း လက်ရှိ အနေအထား တွင် ဘီတာဖြင့်ပင် ရှိနေသေးပြီး သုံးစွဲသူများလည်း ဆက်လက် ဖတ်ရှုသုံးစွဲနိုင်ဆဲဖြစ်ကာ မိုက်ကရိုဆော့ဖ်က တာဝန်ယူ ဆောင်ရွက်မည်ကို စောင့်ဆိုင်းရဆဲ ကာလ ဖြစ်ပါသည်။ ဇူကာဘတ်ဂ်က မိုက်ကရိုဆော့ဖ်က Docs.com ကို ယနေ့စတင်မည် ဖြစ်ပြီး ယင်းမှာ မိုက်ကရိုဆော့ဖ်၏ အော့ဖစ်စ်အတွက် အွန်လိုင်းဗားရှင်းဖြစ်ပြီး မိတ်ဆွေများကို documents များ မျှဝေပေးပို့ရာ တွင် လွယ်ကူမှာ ဖြစ်ကြောင်း၊ ယင်းမှာ တစ်ဖက်လူ၏ အင်ဘောက်စ်သို့ အလွယ် ရောက်ရှိမှာဖြစ်ပြီး ဖေ့စ်ဘွတ်ခ်နှင့် ရိုးရှင်းစွာ ပေါင်းစည်းရုံဖြင့် အားလုံးအဆင်ပြေ သွားမှာဖြစ်ကြောင်း ပြောကြားသည်။ သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဖေ့စ်ဘွတ်အိုင်ဒီများ ကို ဒေါ့စ်တွင် ဆက်လက် အသုံးပြုရန်သာဖြစ်ပြီး မိုက်ကရိုဆော့ဖ်၏ အထွေထွေမန်နေဂျာတစ်ဦးဖြစ်သော လီလီချဲန်းကလည်း ၀ပ်ဒ်၊ ပါဝါပွိုင့်နှင့် အိတ်ဇဲလ်တို့ကို အပြန်အလှန်သုံးစွဲနိုင်မှာဖြစ်ပြီး မိမိမှာ အော့ဖစ်စ်မရှိသည့်တိုင် အွန်လိုင်းမှတဆင့် ယင်းတို့ကို ရယူ သုံးစွဲသွားနိုင် မှာဖြစ်ကြောင်း ပြောကြားသည်။ ယခုဖြစ်ရပ်မှာ အလားတူ တိုးချဲ့မှုများကို ကြိုးပမ်းဆောင်ရွက်နေဆဲသော ဂူဂဲလ် အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်နိုင်သော်လည်း မိုက်ကရိုဆော့ဖ်မှာ ဖေ့စ်ဘွတ်ခ်တွင် ၂၀၀၇ ခုနှစ် ကတည်းက ဒေါ်လာ ၂၄၀မီလီယံ ရင်းနှီးမြုတ်နှံထားသောကြောင့် အံ့သြစရာ မဟုတ်ဟု ဆိုရမည် တယ်.....
ပြီးပါပြီ ...
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။