0
Symantec က Norton Antivirus နှင့် Nortan Internet Security တို့၏ ၂၀၁၁ စမ်းသပ်ဗားရှင်းများကို ထုတ်လုပ်ပြသခဲ့ ကြောင်း သိရှိရသည်။ အဆိုပါ ဆော့ဖ်ဝဲလ် ၂ မျိုးစလုံးကို Norton စမ်းသပ် Website မှနေပြီး အခမဲ့ရယူ နိုင်ပြီဟုဆိုသည်။
 လူကြိုက်များသည့် Facebook Networking Site အတွက် Symantec ၏ ပထမဆုံးသော စမ်းသပ်လုံခြုံရေး application ဖြစ်သည့် Norton Safe Web ကိုလည်း ထုတ်ဖော် ကြေညာခဲ့သည်။
 ဗိုင်းရပ်စ် ကာကွယ်ရေး ပရိုဂရမ်အတုများနှင့် အခြား အွန်လိုင်းအဖျက်လုပ်ငန်းများ တိုးပွားလာသည့် ခြိမ်းခြောက်မှု အန္တရာယ်ကို Norton Power Eraser နှင့် Norton Bootable Recovery Tool တို့ဖြင့် ခုခံတိုက်ခိုက်နိုင်မည်ဟုလည်း ဆိုသည်။ Norton 2011 ကို ထုတ်လုပ်ခြင်းဖြင့် အင်တာနက် လုံခြုံ ရေးဈေးကွက်၌ အလျင်မြန်ဆုံးနှင့် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း Norton ထုတ်ကုန်များကိုထုတ်လုပ် သည့် အင်ဂျင်နီယာလုပ်ငန်းဌာနမှ ဒု-ဥက္ကဋ္ဌ ဂျင်းစ်မက်ဂါးစ်က ပြောကြားခဲ့သည်။ User များထံမှ အကျိုးအမြတ် ထုတ်ယူ ရန် နေ့စဉ်နဲ့အမျှ တိုက်ခိုက်ရေး လက်နက်သစ်များကို ရှာဖွေဖော်ထုတ် ဆောင်ရွက်နေကြသည့် ဆိုက်ဘာဒုစရိုက်များ၏ ဘေးရန်မှကင်းဝေးပြီး ပိုမိုလုံခြုံစိတ်ချစေရန် ဖန်တီးပေးမည်ဟု ဆိုသည်။ ၂၀၁၁ ခုနှစ်အတွက် Norton 2011 သည် Download Insight 2.0 ဖြစ်ပြီး Browser, email နှင့် IM များ၏ download ပြုလုပ်နိုင်စွမ်းကို ဂုဏ်သတ္တိရှိစွာ ကာကွယ် ပေးနိုင်မည်ဖြစ်သည်။ Norton Community Watch User ပေါင်း ၅၃ သန်းနှင့် နှိုင်းယှဉ်လျှင် အန္တရာယ်အနည်းနဲ့ အများ တွေ့ကြုံရသည့် User များကိုလည်း Norton 2011 က ပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


ပြီးပါပြီ ...

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

 
Top