You Tube မှ လက်ရှိ ရှုစားခွင့်ရနေသည့် တစ်နေ့ ပျမ်းမျှ ၁၅ မိနစ်ကာလကို ရုပ်မြင်သံကြား အစီအစဉ်များ အတိုင်း နေ့စဉ် ပျမ်းမျှ ၅ နာရီကြာ ရှုစားခွင့် ရှိစေလိုကြောင်း You Tube ၏ အလုပ်အမှုဆောင်အရာရှိချုပ် ချဒ်ဟာလေးက ပြောကြားခဲ့ သည်။
၂၀ဝ၆ ခုနှစ်တွင် Google မှ ဒေါ်လာ ၁ .၆၅ ဘီလျံဖြင့် ဝယ်ယူခဲ့သည့် You Tube အတွက် ကမ္ဘာလုံးဆိုင်ရာ ရုပ်မြင်သံကြား ကြော်ငြာဝင်ငွေကို ဒေါ်လာ ၄၅၀ ဘီလျံအထိ ရရှိစေမည့် အပြောင်းအလဲကြီး တစ်ခုဖြစ်ကြောင်း သိရှိရ သည်။ မိုဘိုင်းဖုန်း၊ ကွန်ပျူတာနှင့် ရုပ်မြင်သံကြား ကိရိယာများကြား ပေါင်းဆုံမှုများ တိုးပွားလာခြင်းကြောင့် ယခုကဲ့သို့ ပြောင်းလဲရန် စဉ်းစားလာရခြင်းဖြစ်ကြောင်း ဟာလေးက တင်ပြခဲ့သည်။ ဖောက်သည်များက ကမ္ဘာလုံးဆိုင်ရာ ရုပ်မြင် သံကြားစနစ်နှင့် ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းဗွီဒီယိုစနစ်များတွင် ဗွီဒီယိုထုတ်လွှင့်နည်းများ မတူခြားနားနေကြောင်း ထင်မှတ်နေသော် လည်း ရုပ်မြင်သံကြားလွှင့်ထုတ်မှုတိုင်းတွင် Browser တစ်ခု ပါရှိသည့် Wi-Fi ဖြင့် ဆက်သွယ်ထား ကြောင်း သိရှိထားကြသည်။ ကမ္ဘာလုံးဆိုင်ရာ ဗီဒီယိုထုတ်လွှင့်မှုတွင် ကမ္ဘာ့နေရာအသီးသီး ဖောက်သည်များက ကြော်ငြာ များထည့်သွင်းခြင်းဖြင့် အဆိုပါ မတူခြားနားမှုကို ကွယ်ပျောက်စေမည်ဟု ဆိုသည်။ ဖောက်သည်များက ဒစ္စနေနှင့် Sony တို့ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ မီဒီယာကုမ္ပဏီ များမှတစ်ဆင့် ၄င်းတို့၏ Shopping လုပ်ငန်းများကို ဖော်ထုတ်တင်ပြစေခြင်းဖြင့် အနာဂတ်အွန်လိုင်း ဗွီဒီယိုလုပ်ငန်းကို တိုးချဲ့မည်ဖြစ် သည်။ Process ကို ဝယ်ယူသည့် ရုပ်သံကြော်ငြာများကို ဖောက်သည်များအား ဝယ်ယူနိုင်ခွင့်ပေးခြင်းဖြင့် အနာဂတ်ကာလတွင် ဝင်ငွေစီးကြောင်းအသစ်ကို ဖောက်လုပ်နိုင်မည် ဖြစ် ကြောင်း ဟာလေးက တင်ပြခဲ့သည်။
ပြီးပါပြီ ...
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။