0
Microsoft က Windows 7 သည် Laptop ဘက်ထရီများအား ထိခိုက် ပျက်စီး ကြောင်း စွပ်စွဲမှုများကို အသေးစိတ် ပြန်လည် ဖြေရှင်းပြီး ပယ်ချခဲ့ ကြောင်း သိရှိရသည်။ Windows 7 operating System က ကောင်းမွန်နေဆဲ ဘက်ထရီ များကို အစားထိုး ရန် လိုအပ်ကြောင်း ထပ်တလဲလဲ သတိပေးနေသဖြင့် Laptop ဘက်ထရီများအပေါ် ထိခိုက်နစ်နာစေခဲ့ကြောင်း blog နှင့် Forum ပေါင်းများစွာ၌ ထုတ်ဖော် တင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါစွပ်စွဲချက်များကို Microsoft က Engineering Windows 7 site ပေါ်၌ အသေးစိတ် ဖြေရှင်းသည့် blog ဖြင့် တုံ့ပြန်ခဲ့သည်။ Windows 7 က ဂေဟဗေဒ ပညာရပ်ဆိုင်ရာ အသိပညာ အပြည့်ဖြင့် ဘက်ထရီများ၏ အမှန်တကယ် ဆိုးကျိုး ပေးနိုင်မည့် အခြေအနေကို သတိပေးခြင်းဖြစ်ပြီး ဘက်ထရီတည်ဆောက်ထားမှု အခြေအနေနှင့် ဆိုးကျိုး ပေးနိုင်မည့် အခြေအနေများကို လုပ်ကြံသတိပေးခြင်းမဟုတ်ကြောင်း Microsoft က ဖြေရှင်းခဲ့သည်။ ယခုဖြစ်ပေါ်လာသည့် ဝိရောဓိပြဿနာများသည် ဘက်ထရီသက်တမ်းကုန်ဆုံးကာနီး အခြေအနေ၌ user အားသတိပေးနိုင်ရန် ပုံစံဒီဇိုင်းပြု တည်ဆောက်ထားသည့် Windows 7 ၏ သတိပေးစနစ် အသစ်ကြောင့်ဖြစ်ကြောင်း Windows လုပ်ငန်းဆိုင်ရာ အကြီးအကဲ စတီဗင်ဆီနော့ဗ်စကီးက ချေပခဲ့သည်။ ဘက်ထရီစွမ်းအင် ၆၀ ရာခိုင်နှုန်းမျှသာ ကျန်ရှိသည့် ဘက်ထရီများ၏ ဆောင်ရွက် နိုင်စွမ်းမှာ ၄၀ ရာခိုင်နှုန်းမျှသာရှိသဖြင့် အဆိုပါ အခြေအနေကို Windows 7 က သတိပေးခြင်း ဖြစ်သည်။ အဆိုပါ သတိပေးချက်မျိုးကို Windows Vista (သို့) Windows XP များ၌ မတွေ့ရှိရဘဲ Windows 7 ၌ သာ တပ်ဆင်ထားသည့် သတိ ပေးစနစ်အသစ်ဖြစ်ကြောင်း သိရှိရသည်။


 ပြီးပါပြီ ...

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

 
Top