Microsoft မှ ထုတ်ဝေလျက်ရှိပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် windows 95, windows XP နှင့် windows 7 တို့အထိ အဆင့်ဆင့် upgrade မြှင့်တင် သုံးစွဲလျက် ရှိကြရာ အကြောင်း အမျိုးမျိုး တို့ကြောင့် ၄င်း Window တွင် မြန်မာဘာသာသည် မပါဝင်လျက် ရှိဆဲဖြစ်ကြောင်း သိရှိရသည်။ ယခုအခါ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းသို့ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း) စသည့် ဘာသာ အသုံးပြုသူများ၏ ကိုယ်စား မြန်မာဘာသာကို Window OS တွင် ထည့်သွင်းပေးရန် တောင်းဆိုနိုင်သည့် အစီအစဉ် တစ်ခုကို Myanmar.net မှ ပြုလုပ် ပေးထားကြောင်း သတင်း ရရှိပါသည်။ Microsoft Corporation တွင်လူဦးရေ ၅ သိန်းကျော်က အသုံးပြုသော ကမ္ဘာ့
ဘာသာစကားကို Microsoft windows များတွင် ထည့်သွင်းပေးရမည် ဆိုသည့် ကုမ္ပဏီ မူဝါဒတစ်ခု ရှိသဖြင့် ကွန်ပျူတာနှင့် အင်တာနက် သုံးစွဲကြသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အနေဖြင့် မိမိ၏ နာမည်အပြင် မိမိကိုယ်တိုင် ဖြည့်စွက်ပြောဆို လိုသည်များတွင် (အင်္ဂလိပ်ဘာသာ) ဖြင့် ဖြည့်စွက် ရေးသားကာ ဘီလ်ဂိတ်နှင့် စတိဗ်ဘောမားတို့ထံ ပေးပို့စေပါမည်။ မိုက်ခရိုဆော့ဖ်တွင် လက်ရှိအလုပ် လုပ်ကိုင်နေဆဲဖြစ်သော မြန်မာပညာရှင်များမှလည်း ဝိုင်းဝန်း ကူညီကြမည် ဟုသိရှိရပါသည်။ အဆိုပါ Microsoft သို့ windows တွင် မြန်မာဘာသာ ထည့်သွင်းပေးရန် တောင်းဆိုချက်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက Myanmar-myanmar.net/microsoft သို့ ဝင်ရောက် ကြည့်ရှု၍ စုံစမ်းနိုင်ကြောင်း သတင်းရရှိပါသည်။
ပြီးပါပြီ ...

Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။