Online ICT Reader စာဖတ်ပရိတ်သတ်များအတွက် ဒီတစ်ပတ်မှာ ရွေးချယ်ထားတဲ့ သင်ခန်းစာကတော့ Pie Graph Tool
လေးကိုအသုံးပြုပြီး 3D ပုံ Graph Design လေးဖန်တီးခြင်း၊ ၎င်းပြုလုပ်ပြီးသား 3D Style လေးတွေအား Graphic Style
Palette ထဲသို့ ထည့်သွင်းပြီး တစ်ခြားပုံများတွင် အစားထိုးအသုံးပြုခြင်း စတဲ့ သင်ခန်းစာလေးပဲဖြစ်ပါတယ်။
ဒီသင်ခန်းစာလေးကိုလည်း စာရေးသူနှင့်အတူပါဝင်လေ့လာပြီး လိုက်ဆွဲကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒါမှလည်း Pie Graph
Tool လေးကိုလည်း သုံးတတ်သွားမယ်။ 3D ဆွဲပုံ ဆွဲနည်းလေးများကိုလည်း လေ့လာပြီးသား ဖြစ်သွားတာပေါ့။ ကဲ ဒါဆိုရင်
တော့ စဆွဲကြည့်ဖို့အတွက် Illustrator Software လေးအား ဖွင့်ထားလိုက်တော့နော်။ ဖွင့်ပြီးရင်တော့ ထုံးစံအတိုင်းပဲ ပုံဆွဲဖို့
စာရွက်တစ်ဖွင့်ပါမယ်။ File ထဲက New မှာ တစ်ချက်နှိပ်လိုက်ပါ။ New Document Dialog Box ကျလာပါလိမ့်မယ်။
၎င်းတွင် Size ကို A4 ရွေးလိုက်ပါ။ Units မှာ Inches ကိုရွေးပေးထားပါ။ Orientation လေးမှာတော့ Landscape ကို
ရွေးလိုက်ပါ။ အားလုံးပြီးရင်တော့ OK မှာ နှိပ်လိုက်လို့ရပါပြီ။ ပုံ အဆင့် (၁) တွင် ကြည့်ပါ။
ပုံ အဆင့် (၁)
ပုံဆွဲရန်အတွက် အသင့်ဖြစ်ပြီဆိုရင်တော့ Toolbox မှ Column Graph Tool လေး၏ Hidden Tool လေးဖြစ်တဲ့ Pie
Graph Tool လေးအားရွေးလိုက်ပါ။ ပုံ အဆင့် (၂) တွင် ကြည့်ပါ။
ပုံ အဆင့် (၂)
ထို့နောက် ၎င်း Tool လေးနှင့် စာရွက်ပေါ်မှာ တစ်ချက် Click လိုက်ပါ။ Graph Box ကျလာပါလိမ့်မယ်။ ၎င်းရဲ့ Width တွင်
5 in ရိုက်ထည့်ပါ။ Height တွင်လည်း 5 in ရိုက်ထည့်လိုက်ပါ။ ပြီးရင်တော့ OK မှာ နှိပ်လိုက်ပါ။ ပုံ အဆင့် (၃) တွင်
ကြည့်ပါ။
ပုံ အဆင့် (၃)
OK နှိပ်လိုက်တာနှင့် တစ်ပြိုင်နက်ထဲမှာပဲ စာရေးသူဆွဲမည့် Graph ပုံနှင့်တကွ Graph Data Table လေးပါ ပူးတွဲပြီး
ပေါ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ၎င်း Data Table လေး၏ အပေါ်ဆုံးမှ Text Box အရှည်ကြီး ထဲမှာ Mouse Pointer
လေးနှင့် Click တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်တော့ 15 ကိုရိုက်ပါ။ Tab တစ်ချက်နှိပ်ပါ။ 55 ကိုရိုက်ပါ။ Tab တစ်ချက်နှိပ်ပါ။
နောက်ဆုံး 30 ကိုရိုက်ထည့်ပါ။ ပြီးလျှင် Backspace အောက်က Enter မှာ တစ်ချက်နှိပ်ပြီးတာနှင့် ပုံ အဆင့် (၄) တွင်
ပြထားတဲ့အတိုင်း နောက်ဆုံးမှ အမှန်ခြစ်လေးမှာ တစ်ချက်နှိပ်လိုက်ပါ။ ပုံ အဆင့် (၄) တွင်
ကြည့်ပါ။
ပုံ အဆင့် (၄)
ထို့နောက်မှာတော့ ပုံလေးဟာ သုံးပိုင်း ပိုင်းထားတဲ့ Graph ပုံဖြစ်သွားပါပြီ။ ပြီးရင်တော့ Graph Data Table လေး၏ Close
Button လေးကို တစ်ချက်နှိပ်၍ ပိတ်လိုက်လို့ရပါပြီ။ ထို့နောက် သုံးပိုင်း ပိုင်းထားတဲ့ ၎င်း Graph ပုံလေးအား တစ်ပုံချင်းစီကို
Fill Color နှင့် 3D Effect တို့ထည့်ချင်ပါတယ်။ ဒါပေမယ့် ၎င်းတို့ သုံးပုံဟာ Group ဖြစ်နေတဲ့အတွက် လုပ်လို့မရပါဘူး။
ဒါကြောင့် အရင် ဆုံး Group ဖြုတ်ရဦးမှာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ Group ဖြစ်နေသော ၎င်းပုံလေးအား Group
ဖြုတ်ရန်အတွက် Selection ရှိနေသေးတဲ့အချိန်တွင်းမှာပဲ Object ထဲမှ Ungroup မှာ တစ်ချက်နှိပ်လိုက်ပါ။
ပုံ အဆင့် (၅) တွင် ကြည့်ပါ။
ပုံ အဆင့် (၅)
ထို့နောက် Ungroup မှာ နှိပ်လိုက်တာနှင့် တစ်ပြိုင်နက်ထဲမှာပဲ Wraning Box တစ်ခုကျလာပါလိမ့်မယ်။ ဒီ Box လေးဟာ
ဆိုရင် သင့်အား Ungroup လုပ်ပြီးရင်တော့ Graph Style နှင့် Graph Design များဟာ ပြောင်းလဲသွားပါလိမ့်မယ်။ ဒါကို
လက်ခံတယ်ဆိုရင်တော့ Yes, မှာနှိပ်ပါ။ လက်မခံရင်တော့ No မှာနှိပ်ပေါ့။ အခုတော့ Yes မှာပဲ နှိပ်လိုက်ပါ။ ထို့နောက်
နောက်တစ်ကြိမ်ထပ်ပြီး Ungroup မှာ ထပ်နှိပ်လိုက်ပါ။ မထမနှိပ်လိုက်တဲ့ Ungroup ဟာဆိုရင် Graph ပုံဖျက်လိုက်တာ
ဖြစ်ပါတယ်။ ဒုတိယ Ungroup ကတော့ ၎င်း Graph ထဲမှာပါဝင်တဲ့ အစိတ်ပိုင်းများအား တစ်ခုချင်းစီဖြစ်သွားအောင် ချိုးဖြတ်
လိုက်တာဖြစ်ပါတယ်။ ထို့နောက် Window ထဲက Color Guide ကိုဖွင့်ပါ။ ပြီးရင်တော့ Selection Tool နှင့် တစ်ခုချင်းစီ
Selection ပေးပြီး အရောင်တစ်မျိုးစီဖြည့်လိုက်ပါ။ Stroke Color ကိုတော့ None ပေးပြီးဖျက်လိုက်ပါတယ်။ ပုံ အဆင့် (၆)
တွင် ကြည့်ပါ။
ပုံ အဆင့် (၆)
အထက်ပါအဆင့်များပြီးသွားရင်တော့ Graph ပုံလေးမှာရှိတဲ့ လိမ္မော်ရောင်ချယ်အပိုင်းလေးအား Selection ပေးပါ။
ထို့နောက် Effect > 3D > Extrude & Bevel မှာ တစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။ ပုံ အဆင့် (၇) တွင် ကြည့်ပါ။
ပုံ အဆင့် (၇)
ဒါဆိုရင်တော့ 3D Extrude & Bevel Options ကျလာပါလိမ့်မယ်။ ၎င်းကိုတော့ ပုံ အဆင့် (၇)တွင် ပြထားတဲ့ Setting
များအတိုင်းလိုက်ထည့်ပေးပါ။ Fewer Options ကိုမမြင်ရသေးရင်တော့ More Option မှာတစ်ချက်နှိပ်ပြီး ဖွင့်ပါ။
ပုံ အဆင့် (၈)
အထက်ပါအဆင့်များပြီးသွားပြီဆိုရင်တော့ OK မှာ နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ 3D Effect လေးထည့်လို့ပြီးသွားပါပြီ။ ပုံ
အဆင့် (၉) တွင်ကြည့်ပါ။
ပုံ အဆင့် (၉)
ထို့နောက်မှာတော့ 3D Effect လေးအား Graphic Style လေးအဖြစ်ဖန်းတီးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Window >
Graphic Styles လေးကိုဖွင့်လိုက်ပါတယ်။ Graphic Styles Palette လေးပွင့်လာပြီဆိုရင်တော့ ပုံ အဆင့် (၁၀) တွင်
ဝိုင်းပြထားသော နေရာလေးမှာ တစ်ချက်နှိပ်၍ New Graphic Style တစ်ခုဖန်တီးလိုက်ပါတယ်။ မြှားထိုးပြထားတဲ့
ပုံလေးကတော့ ဖန်တီးလိုက်တဲ့ Graphic Style လေးပဲဖြစ်ပါတယ်။ ပုံ အဆင့် (၁၀)တွင်ကြည့်ပါ။
ပုံအဆင့် (၁၀)
ဆက်လက်ပြီးတော့ အနီရောင်အပိုင်းလေးအား Selection ပေးလိုက်ပါ။ ပြီးရင်တော့ Graphic Style Palette လေးမှ
အထက်တွင်ဖန်တီးခဲ့သော 3D Graphic Style လေးမှာ တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ၎င်း အနီရောင်အပိုင်းလေးမှာပါ
3D Effect လေးဝင်သွာတာကို တွေ့ရမှာဖြစ်ပါတယ်။ ၎င်းနည်းလေးအတိုင်း အစိမ်းရောင်ခြယ် အပိုင်းလေးကိုပါ ထပ်ပြီး 3D
Effect လေးထည့်ပေးလိုက်ပါ။ ပုံ အဆင့် (၁၁) တွင် ကြည့်ပါ။
ပုံ အဆင့် (၁၁)
နောက်ဆုံးအဆင့် အနေနဲ့ ညီညာကြည့်ကောင်းအောင်နေရာချလိုက်ပါ။ ထို့နောက် Toolbox မှ Text Tool လေးနှင့်
အနီရောင်အပိုင်းလေးပေါ်မှာ 30% , အစိမ်းရောင်အပိုင်းလေးပေါ်မှာ 15%, လိမ္မော်ရောင်အပိုင်းလေးပေါ်တွင် 55%
တို့အားရိုက်ထည့်လိုက်ပြီး အရောင်စုံ 3D Graph ပုံလေးတစ်ခုအား ဆွဲ၍ အဆုံးသတ်လိုက်ပါတယ်။ ပုံ အဆင့် (၁၂) တွင်
ကြည့်ပါ။
ပုံ အဆင့် (၁၂)
ဒါဆိုရင်တော့ ဒီတစ်ပတ်အတွက် ရွေးချယ်ဖော်ပြပေးလိုက်တဲ့ 3D ပုံ Graph Design လေးပြီးဆုံးသွားပြီ ဖြစ်လို့
ပြီးပါပြီ ...
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။