0
နာမည်ကျော် Facebookကတော့ အင်တာနက်အမြန်နှုန်း မကောင်းတဲ့ နိုင်ငံတွေအတွက် ရည်ရွယ်ပြီး ပိုမိုရှင်းလင်းမြန်ဆန်တဲ့ Versionသစ်တစ်ခုကို စမ်းသပ်နေပါပြီတဲ့။ Facebook Liteလို့ အမည်ပေးထားတဲ့ Versionသစ်ပါ။ တကယ်တမ်းမှာတော့ သုံးစွဲသူတွေရဲ့ messagesနဲ့ updatesတွေကို micro-blogging service ဝက်ဘ်ဆိုက်ဖြစ်တဲ့ Twitterပုံစံလိုမျိုး အလွယ်တကူတင်နိုင်ဖို့ Facebook Liteကို ဖန်းတီးလိုက်တာပါ။ Facebook Liteမှာ သုံးစွဲသူတွေ တင်ထားတဲ့ message, photo, videoတွေကိုသာ အဓိက ဖေါ်ပြပေးထားတာ တွေ့ရပါတယ်။ Loading ပြုလုပ်ချိန် မြန်ဆန်တဲ့ Facebook.comမှ feautresတွေကိုသာ ရွေးချယ်ပေးထားတဲ့ သဘောပါ။ Facebook Liteမှာ Facebook.comမှာလိုပဲ commentရေးတာ၊ Friend requestsတွေ acceptလုပ်တာ၊ တခြားသူတွေရဲ့ Facebook wallမှာ တစ်ခုခု writeလုပ်တာတွေ ဆောင်ရွက်နိုင်ပါတယ်။ နောက်ပြီး photosနဲ့ status updatesတွေကိုလည်း ကြည့်ရှုနိုင်မှာပါ။ ပုံစံကတော့ မိုဘိုင်းဖုန်းပေါ်မှာ Facebook သုံးရသလိုမျိုးဖြစ်ပြီး loading မြန်မြန်နဲ့ ရိုးရိုးရှင်းရှင်း သုံးနိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ Facebook သုံးစွဲသူအသစ်တွေ အများအပြား တိုးတက်လာနေတဲ့ နိုင်ငံတွေမှာ စတင်စမ်းသပ်နေပြီး အဆိုပါသုံးစွဲသူ အသစ်တွေအတွက် Facebookကို စတင်သုံးစွဲရာမှာ ပိုမိုရိုးရှင်းလွယ်ကူတဲ့ Facebook ပုံစံဖြင့် သုံးနိုင်ပါလိမ့်မယ်။ Facebook Liteကို Facebook.com accountနဲ့ပဲ Loginဝင်ရောက်နိုင်ပါတယ်။ Facebook Liteကိုဝင်လိုက်မယ်ဆိုရင် Quizzes, Gamesနဲ့ Virtual giftsကဲ့သို့ applicationsတွေကို မတွေ့ရပါဘူး။ အဓိက အသုံးဝင်မဲ့ Message Wallကိုသာ “Write”, “Post photos”, “Post videos”ဆိုပြီး ဖော်ပြထားပါလိမ့်မယ်။ နောက်ပြီး web page linksတွေကို shareလုပ်လို့ရတဲ့ “Post link” optionလည်း ပါဝင်ပါသေးတယ်။ ဒါပေမယ့် Facebook Liteမှာ “Chat” application မပါဝင်တာကြောင့် ကိုယ့်ရဲ့ Facebook မိတ်ဆွေတွေ အွန်လိုင်းမှာရှိ မရှိကိုတော့ မသိနိုင်တော့ပါဘူး။ Facebook Liteကို Twitterရဲ့ micro-blogging service ပုံစံနဲ့ပြိုင်ဆိုင်ဖို့ ဖန်တီးလိုက်ပုံရပါတယ်။ Twitterဟာ လက်ရှိအချိန်မှာ နေ့စဉ်ထူးခြားတဲ့ အကြောင်းအရာနဲ့ သတင်းတွေကို မျှဝေနိုင်တဲ့ အကောင်းဆုံး social-networking ဝက်ဘ်ဆိုက်အဖြစ် ရပ်တည်နေဆဲပါ။ Facebookကလည်း အသစ်အဆန်းတွေ တစ်မျိုးပြီးတစ်မျိုးနဲ့ အင်တာနက်သုံးစွဲသူတွေကို ဆွဲဆောင်နေအုံးမှာ အမှန်ပါပဲ။ Facebook Liteထက်ပိုမြန် ပိုရှင်းချင်ရင်တော့ Facebook Mobile Versionဆိုတာလည်း ရှိပါသေးကြောင်း။ 


 ပြီးပါပြီ ...

Post a Comment

အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။

 
Top