 ကွန်ပျူတာသုံး မြန်မာစာစနစ်ဖြစ်လာဖို့ မြန်မာပညာရှင်များ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာ အားရစရာကောင်းလှပါတယ်။ အခုလည်း နောက်ထပ် မြန်မာယူနီကုဒ် စနစ်တစ်ခု ထွက်လာပြန်ပါပြီ။ ဧရာယူနီကုဒ် ဖြစ်ပါတယ်။ အခမဲ့ ဖြန့်ဝေတာဖြစ်ပြီး ပြည်တွင်းပြည်ပ ယူနီကုဒ်ပညာရှင်တွေ၊ မြန်မာဂရပ်ဖစ်ဒီဇိုင်း ပညာရှင်တွေနဲ့ ချင်းမိုင်တက္ကသိုလ်က တိုင်းရင်းသားယူနီကုဒ် လေ့လာနေတဲ့ ပညာရှင်တွေ ပူးပေါင်းကြိုးပမ်း ဖန်တီးခဲ့ကြတယ်လို့ ဧရာယူနီကုဒ် ဝက်ဘ်ဆိုက်မှာ ဖတ်ရပါတယ်။ နောက်ထပ်လည်း ဂရပ်ဖစ်နဲ့ ကရင်၊ ရှမ်းယူနီကုဒ်တွေ ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ပညာရှင်တစ်ယောက် မဟုတ်တဲ့အတွက် ယူနီကုဒ်စနစ်အကြောင်း ကျွန်တော်နားမလည်ပါ။ သို့သော် မကြာသေးမီက သတင်းတစ်ပုဒ် ဖတ်ခဲ့ရပါတယ်။ Google Document(Google Docs)မှာ ဘာသာစကား ၄၂မျိုးကို အပြန်အလှန် ဘာသာပြန်နိုင်ပြီ ဆိုတာပါ။ Google Translateနည်းပညာကို Googel Docsမှာ သုံးလို့ရအောင် ဖန်တီးပေးထားတာပါ။ ဥပမာ တရုတ်လူမျိုး အွန်လိုင်းမိတ်ဆွေရဲ့ တရုတ်လိုမေးလ်တွေကို တရုတ်စာမတတ်တဲ့ အင်္ဂလိပ်လူမျိုးက အင်္ဂလိပ်ဘာသာပြောင်းပြီး ဖတ်နိုင်ပါတယ်။
ကွန်ပျူတာသုံး မြန်မာစာစနစ်ဖြစ်လာဖို့ မြန်မာပညာရှင်များ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာ အားရစရာကောင်းလှပါတယ်။ အခုလည်း နောက်ထပ် မြန်မာယူနီကုဒ် စနစ်တစ်ခု ထွက်လာပြန်ပါပြီ။ ဧရာယူနီကုဒ် ဖြစ်ပါတယ်။ အခမဲ့ ဖြန့်ဝေတာဖြစ်ပြီး ပြည်တွင်းပြည်ပ ယူနီကုဒ်ပညာရှင်တွေ၊ မြန်မာဂရပ်ဖစ်ဒီဇိုင်း ပညာရှင်တွေနဲ့ ချင်းမိုင်တက္ကသိုလ်က တိုင်းရင်းသားယူနီကုဒ် လေ့လာနေတဲ့ ပညာရှင်တွေ ပူးပေါင်းကြိုးပမ်း ဖန်တီးခဲ့ကြတယ်လို့ ဧရာယူနီကုဒ် ဝက်ဘ်ဆိုက်မှာ ဖတ်ရပါတယ်။ နောက်ထပ်လည်း ဂရပ်ဖစ်နဲ့ ကရင်၊ ရှမ်းယူနီကုဒ်တွေ ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ပညာရှင်တစ်ယောက် မဟုတ်တဲ့အတွက် ယူနီကုဒ်စနစ်အကြောင်း ကျွန်တော်နားမလည်ပါ။ သို့သော် မကြာသေးမီက သတင်းတစ်ပုဒ် ဖတ်ခဲ့ရပါတယ်။ Google Document(Google Docs)မှာ ဘာသာစကား ၄၂မျိုးကို အပြန်အလှန် ဘာသာပြန်နိုင်ပြီ ဆိုတာပါ။ Google Translateနည်းပညာကို Googel Docsမှာ သုံးလို့ရအောင် ဖန်တီးပေးထားတာပါ။ ဥပမာ တရုတ်လူမျိုး အွန်လိုင်းမိတ်ဆွေရဲ့ တရုတ်လိုမေးလ်တွေကို တရုတ်စာမတတ်တဲ့ အင်္ဂလိပ်လူမျိုးက အင်္ဂလိပ်ဘာသာပြောင်းပြီး ဖတ်နိုင်ပါတယ်။  ဒါမှမဟုတ် တရုတ်လူမျိုးက သူရဲ့တရုတ်စာတွေနဲ့ မေးလ်ကို အင်္ဂလိပ်လိုပြောင်းပြီး အင်္ဂလိပ်မိတ်ဆွေထံ ပို့နိုင်ပါတယ်။ အဲဒီလိုပုံစံမျိုး ဘာသာစကား ၄၂မျိုးမှာ အပြန်အလှန် ဘာသာပြန်နိုင်ပါတယ်။ Google Translate စနစ်ထဲမှာ ကျွန်တော်တို့ မြန်မာဘာသာစကားလေးများ ပါလိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိတာပါ။ ကွန်ပျူတာသုံး မြန်မာစာစနစ် ဖန်တီးကြသူအားလုံးကို ကျွန်တော်တို့လို့ ဘလော့ဂ်ရေးချင်သူတွေ၊ ပုံနှိပ်လောကကို မရောက်သေးတဲ့ အွန်လိုင်းစာရေးသူတွေက ကျေးဇူးတင်ကြရမှာပါ။ သူတို့အားလုံးသာ ပေါင်းစည်းမိရင် ကမ္ဘာမှာ အတော်လှတဲ့ ကွန်ပျူတာသုံး ဘာသာစကား စနစ်တစ်ခု ဖြစ်ပေါ်လာနိုင်မယ် ထင်ပါရဲ့။  ဘယ်လိုပဲဖြစ်ဖြစ်ပါ မြန်မာနိုင်ငံက အွန်လိုင်းသုံးစွဲသူတစ်ယေက် ပီသစွာနဲ့ အခမဲ့ပေးတာဆိုတော့လည်း စမ်းသပ်သုံးစွဲလိုက်ပါအုံးမယ်။ နောက်ပြီး အခမဲ့ရယူနိုင်တယ်ဆိုတာလည်း မိတ်ဆွေများထံ Forward သတင်းစကား ပါးလိုက်အုံးမှ။
ဒါမှမဟုတ် တရုတ်လူမျိုးက သူရဲ့တရုတ်စာတွေနဲ့ မေးလ်ကို အင်္ဂလိပ်လိုပြောင်းပြီး အင်္ဂလိပ်မိတ်ဆွေထံ ပို့နိုင်ပါတယ်။ အဲဒီလိုပုံစံမျိုး ဘာသာစကား ၄၂မျိုးမှာ အပြန်အလှန် ဘာသာပြန်နိုင်ပါတယ်။ Google Translate စနစ်ထဲမှာ ကျွန်တော်တို့ မြန်မာဘာသာစကားလေးများ ပါလိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိတာပါ။ ကွန်ပျူတာသုံး မြန်မာစာစနစ် ဖန်တီးကြသူအားလုံးကို ကျွန်တော်တို့လို့ ဘလော့ဂ်ရေးချင်သူတွေ၊ ပုံနှိပ်လောကကို မရောက်သေးတဲ့ အွန်လိုင်းစာရေးသူတွေက ကျေးဇူးတင်ကြရမှာပါ။ သူတို့အားလုံးသာ ပေါင်းစည်းမိရင် ကမ္ဘာမှာ အတော်လှတဲ့ ကွန်ပျူတာသုံး ဘာသာစကား စနစ်တစ်ခု ဖြစ်ပေါ်လာနိုင်မယ် ထင်ပါရဲ့။  ဘယ်လိုပဲဖြစ်ဖြစ်ပါ မြန်မာနိုင်ငံက အွန်လိုင်းသုံးစွဲသူတစ်ယေက် ပီသစွာနဲ့ အခမဲ့ပေးတာဆိုတော့လည်း စမ်းသပ်သုံးစွဲလိုက်ပါအုံးမယ်။ နောက်ပြီး အခမဲ့ရယူနိုင်တယ်ဆိုတာလည်း မိတ်ဆွေများထံ Forward သတင်းစကား ပါးလိုက်အုံးမှ။ 
Ayar Unicode Download Page 
ပြီးပါပြီ ...
 
 
          
      
 
  
 
 
 
 
Top
 
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။