Gmail Drag and Drop 0 Gmail 9:44 PM A+ A- Print Email Googleရဲ့ Gmailသုံးစွဲသူတွေအတွက် Drag and Drop feature အသစ်ကို စတင်သုံးစွဲနိုင်ပါပြီ။ Gmail feature အသစ်အရ သုံးစွဲတစ်ဦးဟာ Gmailမှာ labelခွဲထားပါက ၎င်း၏emailတွေကို သက်ဆိုင်ရာ labelsသို့ တိုက်ရိုက် drag and drop ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ labelတပ်ထားတဲ့ mailတွေကိုလည်း inboxလိုနေရာသို့ drag and drop လုပ်နိုင်ပါတယ်။ အခြားပြောင်းလဲမှုတစ်ခုကတော့ labels optionတွေဖြစ်တဲ့ color, rename, hide, deleteတို့အတွက် drop down ပြုလုပ်နိုင်တဲ့ tabလေးကို labelတစ်ခုချင်းစီရဲ့ ဘယ်ဖက်ဘေးမှာ ပြောင်းရွှေ့ထားပါတယ်။ Chat sectionရဲ့ အပေါ်ဘက်မှာ Gmail labelsတွေကို နှစ်သက်သလို ဖော်ပြထားနိုင်မှာဖြစ်ပြီး hide လုပ်ထားတဲ့ labelsတွေကိုလည်း label listအောက်မှာရှိတဲ့ drop down menuမှတဆင့် ခေါ်ယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Gmail drag and drop featureကို သုံးဖို့ကတော့ mail တစ်စောင်ရဲ့ ဘေးမှာရှိတဲ့ check boxနဲ့ ကပ်လျက်မှာ တွေ့ရတဲ့ အစက်ကလေးများအပေါ်ကို mouse hover တင်လိုက်ပါ။ လက်ဝါးပုံသဏ္ဍန်လေး ပေါ်လာပြီဆိုရင် mailကို နှစ်သက်ရာ labelဆီသို့ drag and drop လုပ်လိုက်ရုံပါပဲ။ Gmail label တစ်ခုထဲက mailတွေကိုလည်း ထိုနည်းအတိုင်းပဲ drag and drop လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြီးပါပြီ ...
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။