Ubuntu 9.10 Alpha3 ထွက်တာကတော့ တစ်လကျော်ပါပြီ။ ဘာတွေများ အသစ်ပါလဲလို့ review လုပ်ကြည့်ကြရအောင်…
ပထမဆုံးအချက်ကတော့ Linux kernel နောက်ဆုံးဘားရှင်းဖြစ်တဲ့ 2.6.31 နဲ့ဗျ။ နောက်တစ်ခုကတော့ အရင်က chatting အတွက် pidgin ကို default ထည့်သွင်းခဲ့ပေမဲ့ ယခုဘားရှင်းမှာတော့ Empathy instant messenger ကို ထည့်သွင်းဖို့ development team က ဆုံးဖြတ်ခဲ့ပါတယ်။
နောက်တစ်ခု ဖြည့်တင်းပေးထားတာကတော့ R/W CD,DVD သုံးတဲ့လူတွေအတွက် အတော့ကို အဆင်ပြေမှာပါ။ CD ရဲ့ free space ဘယ်လောက်ကျန်သေးလဲဆိုတာကို CD ရိုက်နေရင်း ကြည့်နိုင်ပါတယ်။
နောက်တစ်ခုက completely rewritten login manager (GDM)
နောက်တစ်ခုကတော့ Ubuntu One(free online storage)
(အဲဒါတော့ ဘာမှန်း ကျွန်တော် သေချာမသိဘူး။ အားမှလေ့လာကြည့်လိုက်ဦးမယ်။)

Firefox ကတော့ ထုံးစံအတိုင်းပဲ Default Browser အဖြစ်ရှိနေမှာပါ။
Ubuntu ကြီးကတော့ ကြာလေ လန်းလေပဲဗျို့…. မိုက်ခရိုဆော့ဝင်းဒိုးကြီးနဲ့ သူ့ရဲ့အပေါင်းအဖော် copy right အပြည့်နဲ့ ဆော့ဝဲလ်တွေကို စိတ်ကုန်နေကြတဲ့ မိတ်ဆွေတွေကို Ubuntu OS လေးကို စမ်းသပ်သုံးစွဲဖို့ ဖိတ်ခေါ်ပါရစေဗျာ….
Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။