လင်းနစ်အသုံးပြုတဲ့ user တော်တော်များများက Gtalk, Yahoo စတဲ့မေးလ်တွေ ကို pidgin ကို အသုံးပြုကြတာ များပါတယ်။ လင်းနစ်မှာ gtalk သုံးချင်ရင် pidgin ဆိုတာ အကောင်းဆုံးပဲလို့ တော်တော်များများက ပြောကြတယ်။ အသုံးပြုနည်းကတော့ လွယ်ပါတယ်။
ထုံးစံအတိုင်း Alt + F2 ကိုနှိပ်ပြီး pidgin ဆိုတာရိုက်ထည့်လိုက်ပြီး run….
pidgin ကို install လုပ်မလားဆိုတဲ့ box လေးပေါ်လာပါလိမ်မယ်။ လုပ်မလားဆိုတော့ လုပ်မယ်ပေါ့(လုပ်ဖို့ လှမ်းခေါ်လိုက်တာပဲကို)
ပြီးရင်တော့ ပုံမှာပါတဲ့အတိုင်း
Protocol ဆိုတဲ့နေရာမှာ XMPP ဒါမှမဟုတ် မိမိသုံးချင်တဲ့ မေးလ်အမျိုးအစား
(ဥပမာ- google mail, yahoo mail)
Screen name: ဆိုတဲ့ နေရာမှာ mail user name
(ဥပမာ- admin@itahmattaya.org ဆိုရင် admin ပေါ့)
Server: နေရာမှာတော့ သူပေးထားတဲ့အတိုင်းပဲ
Resource: ဆိုတဲ့နေရာမှာတော့ Home ပဲ..
Password: ဆိုတဲ့နေရာမှာ mail password
ပြီးရင်တော့ save လိုက်တော့။ ဒါဆိုရင် စပြီး အသုံးပြုနိုင်ပါပြီ။ တနည်းအားဖြင့် စချက်လို့ ရပြီ။

Post a Comment
အပေါ်မှာ ရေးထားတာ နဲ့ ပါတ်သက်လို့ သင်ဘယ်လို မြင်ပါသလဲ မေးချင်တာ ပြောချင်တာ တစ်ခုခုများ ရှိခဲ့ရင် ဒီနေရာမှာ ပြောထားခဲ့ နိုင်ပါတယ်..။